Google
 

Announcement

ကျနော်တို့ uploading hosting ပေါ်တင်ထားသောဖိုင်များဒေါင်းလုပ်ဆွဲမရပါက 4shared ဆီသို့ပြောင်းလဲတင်ပေးသွားမှာဖြစ်ပါတယ်။ uploadingသည်ယခုနောက်ပိုင်းတွင်ဖိုင်တစ်ဖိုင်ကိုတစ်လအတွင်းမည်သူမျှဒေါင်းလုပ်
မဆွဲပါကဖျက်ပစ်တတ်ပါတယ်။

အကယ်၍ 4shared မှပါဆွဲ၍အဆင်မပြေပါက direct FTP ပေါ်တွင်တောင်းဆိုသောစာအုပ်ကို ခေတ္တတင်ပေးသွားမှာဖြစ်ပါတယ်။

ဆွဲ၍မရသောစာအုပ်နာမည်များ ကို Cbox တွင်ပြောကြား၍ သော်လည်းကောင်း၊
english4myanmar@gmail.com သို့မေးလ်ပို့၍သော်လည်းကောင်းတင်ပြနိုင်ပါတယ်။

ဆီဗောက်မှာ စာများ၊ လင့်ခ်များ ကောင်းစွာမမြင်ရပါက ဒီမှာကလစ် ၍ ဆီဗောက်မြင်ကွင်းကျယ်သို့သွားရောက်နိုင်ပါတယ်။


ကျေးဇူးတင်ပါသည်။
www.english4myanmar.com
"English language, the very first step towards other knowledge"


*ကိန်းဘရစ် Cambridge မှ မှစာအုပ်များကိုကော်ပီရိုက်ကြောင့်ဖြုတ်ပေးလိုက်ပါတယ်။ ဆီဗောက်စ်တွင်တင်ပြ၍သော်လည်းကောင်း သို့မဟုတ် မေးလ် ပို့ပြီးတောင်းဆိုနိုင်ပါတယ်။*

*FTP ပြင်ဆင်နေသောကြောင့် တစ်ချို့ ဖိုင်လင့်ခ်များ မှာ error ရှိနိုင်ပါသည်။*
Showing posts with label စာရေးသူအာဘော်. Show all posts
Showing posts with label စာရေးသူအာဘော်. Show all posts

English Proverbs And Myanmar Proverbs Matching 3

Rome was not built in a day. ရောမမြို့ ကို တစ်ရက်ထဲနဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘူးတဲ့။
ဆိုလိုတာက "အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့မရဘူး။" လို့ဆိုလိုပါတယ်။
Experience is the mother of wisdom. အတွေ့အကြုံဆိုတာ ပညာပြည့်ဝမှူရ့ဲမိခင်ဖြစ်တယ်။
ဆိုလိုတာက "တစ်ခါသေဖူး၊ ပျဉ်ဖိုးနာလည်။" လို့ဆိုလိုပါတယ်။
Fine feathers make fine birds. ငှက်တွေဟာ၊ အမွှေး အတောင်တွေလှမှ၊ တစ်ကောင်လုံးလှပါတယ်။
ဆိုလိုတာက "နကိုယ်ရှိမှ၊ နကိုင်းထွက်။" လို့ဆိုလိုပါတယ်။
Look before you leap. သင် တစ်နေရာရာ ကိုမခုန်ခင်၊ အရင်ကြည့်ပါတဲ့။
ဆိုလိုတာက "အစားမတော်၊ တစ်လုပ်၊ အသွားမတော်၊ တစ်လှမ်း။" လို့ဆိုလိုပါတယ်။
Grasp all, lose all. ဘယ်အလုပ်ကိုမဆို ကိုယ်နိုင်သလောက်ပဲ လုပ်ပါ၊ သို့မဟုတ်ပါက၊ တစ်ခုမှဖြစ်ဖြစ်မြောက်မြောက်ဖြစ်မှာ မဟုတ်ပါ။
ဆိုလိုတာက "အလိုကြီး၊ အရနည်း။" လို့ဆိုလိုပါတယ်။

English Proverbs And Myanmar Proverbs Matching 2

Blowing one's own trumpet.
ကိုယ့်ထရမ်းပက်ကိုပဲ ကိုမှူတ်နေတယ်၊ ဆိုလိုတာက "ကိုယ့် ငါးချဉ် ကိုယ်ချဉ်။"
Beauty is in the eyes of the beholder.
အလှအပဟာ၊ ကြည့်သူရဲ့ မျက်စိထဲမှာပဲရှိတယ်၊ ဆိုလိုတာက "ရှမ်းကြိုက်ရင်၊ နွားချော။"
A small leak will sink a big ship.
စိမ့်ပေါက် အပေါက်သေးသေးလေးဆိုပေမဲ့၊ သင်္ဘောအကြီးကြီးကိုနစ်စေနိုင်ပါတယ်၊ ဆိုလိုတာက
"အမှိုက်ကအစ၊ ပြဿဒ်မီးလောင်။"
No one knows like the wearer where the shoe pinches.
ဘယ်သူမှ ဖိနပ်ကိုစီးထားသူလောက်၊ ကိုယ့်ဖိနပ်ဘယ်နားကြပ်နေတယ်ဆိုတာမသိနိုင်၊
ဆိုလိုတာက "ကိုယ့်ဝမ်းနာ၊ ကိုယ်သာသိ။"
(စာဖတ်သူတို့သိပြီးသားလည်း ဖြစ်ကောင်းဖြစ်နေမှာပါ။)

English Proverbs and Myanmar Proverbs Matching

Unity is strength. စည်းလုံးခြင်းသည် ခွန်အား။

Blood is thicker than water. အရေးကြီး၊ သွေးနီး။

The pen is mightier than the sword. ဓားသွား ထက်၊ ကလောင်သွားပိုထက်။
ဒီခေတ်ကြီးမှာတော့၊ Gun အားထက်၊ Media အားပိုထက်ဖြစ်သွားတာ
အီရတ်-အမေရိကန် စစ်ကသက်သေပဲလေ။

A chip of the old block. ဒီပုတ်ထဲကဒီပဲ။ တိုက်ရိုက်ဘာသာပြန်ရင်တော့၊ ဒီအုတ်ခဲကျိုး
အပိုင်း အစလေးက၊ ဟိုအုတ်ခဲတုံးကြီးကပဲ့လာတာ၊ဆိုတော့ အတူတူပဲပေါ့။

A stitch in time saves nine. "stitch" ဆိုတာ ချုပ်ရိုးကိုပြောတာပါ။
ဒဏ်ရာအနာဒရဖြစ်ရင် စောစောစီးစီး အချိန်မီ ချုပ်ရိုးတစ်ချောင်းနဲ့ချုပ်ခြင်းဟာ၊ နောက်မှ ကိုးချောင်းချုပ်ရမဲ့ဒဏ်ကိုကာကွယ်ပြီသားဖြစ်တယ်လို့၊ အဓိပ္ပယ်ရပါတယ်။
ပြဿနာတစ်ခုပဲဖြစ်၊ အကျင့်ဆိုးတစ်ခုကိုပဲဖြစ်ဖြစ်၊ စနစ်ဆိုးတစ်ခုကိုပဲဖြစ်ဖြစ် စောစောစီးစီး
ပြုပြင်လိုက်တာကောင်းပါတယ်လို့ ဆိုလိုပါတယ်။

Walls have ears!


ဒါကစာအုပ်တော့မဟုတ်ပါဘူး။ Proverb လို့ခေါ်တဲ့ စကားပုံလေးတစ်ခုပါ။
"Walls have ears"တဲ့။ဘယ်နေရာမှာသုံးလဲဆိုတော့၊
တစ်ယောက်ယောက်ကကို့ ကိုအတင်း(များသောအားဖြင့် လျှို့ ဝှက်ချက်) လာပြောနေပြီဆိုရင်၊သုံးလို့ရတယ်။ ဥပမာ၊
Mg Mg: Have you heard that latest news about Myanmar ?
Aung Aung: Don't talk too much, man, - you never know who's listening. Walls have ears!
တိုက်ရိုက်ပြန်ရင်တော့၊နံရံတွေမှာနားတွေရှိတယ်လို့၊အဓိပ္ပယ်ရပါတယ်။
သွယ်ဝိုက်သောနည်းအားဖြင့်၊"စကားပြောလျှင်ဘေးဘယ်ညာကြည့်ပြော၊
သူများကြားသွားလိမ့်မယ်။"
လို့အဓိပ္ပယ်ရပါတယ်။ (စာဖတ်သူတို့သိပြီးသားလည်းဖြစ်နေမှာပါ။)